မိတ္ထီလာ မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကွန်ပျူတာတ္ကသိုလ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ သုံးထပ်ဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာလှိုင်ဖြူဖြူမွန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သင်တန်းရေးရာဌာနမှဌာနမှူး ဒေါ်ခင်စိန်မြင့်က ကျောင်းသားရေးရာဌာနရှိ ဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မော်ကွန်းထိန်း ဒေါ်နွဲ့နွဲ့ဦးက သင်တန်းမှူးများနှင့် မိတ်ဆက်ပေးခဲ့ပြီး ကျောင်းသား ကျောင်းသူများ တက်ရောက်သင်ကြားရမည့် စာသင်ခန်းနေရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက်ဌာနမှူးများက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မိမိတို့ဌာနရှိ ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဒုတိယပါမောက္ခချုပ် ဒေါက်တာလှိုင်ဖြူဖြူမွန်၊ ဌာနမှူးများနှင့် ဆရာဆရာမများ၊ ကျောင်း သားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)