ကော့မှူးတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ကော့မှူး မေ ၁၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏စီစဉ်မှုဖြင့် စားသုံးသူပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်က မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး‌ရှေ့၌ လာရောက်‌ရောင်းချပေးနေကြောင်း သိရသည်။

ထိုသို့ ဈေးကားဖြင့်လာရောက်ရောင်းချသောအသင်းများနှင့် ဈေးဝယ်နေပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါဈေးကားတွင် ဒေသခံပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန်တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀/- နှုန်းဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀/- နှုန်းဖြင့် အိတ်(၁၀၀)အားလည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ် ၁၇၀၀/- နှုန်း ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀/- နှုန်းဖြင့် အိတ်(၁၀၀)အားလည်းကောင်း၊ ဆီငါးဆယ်သားတစ်ဘူးလျှင် ငွေကျပ် ၂၇၀၀/- နှုန်းဖြင့် ဆီ(၂၅၀)ဘူးအားလည်းကောင်း၊ ကြက်ဥဆယ်လုံးတစ်ကတ်ကို ငွေကျပ် ၁၆၀၀/- နှုန်းဖြင့် (၃၀)ကတ်တို့အားလည်းကောင်း ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ