လားရှိုးမြို့၌ အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လားရှိုး မေ ၁၂

လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဉက္ကဋ္ဌဖလား၊ အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို ယနေ့နံနက် နံနက်(၁၀)နာရီအချိန်က ရပ်ကွက်(၁၂)၊ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဉက္ကဋ္ဌ၊ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်အသင်းများက အားကစား အဓိဋ္ဌာန်ရွတ်ဆိုအလေးပြုခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဉက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပါသည်။

အဆိုပါ အသက်(၂၅)နှစ်အောက် ကလပ်ပေါင်းစုံပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲကို မေလ(၁၂)ရက်မှ မေလ(၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရှိရသည်။

ဟန်ဋ္ဌေး(လားရှိုး)