ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ်ကျောင်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

ရမည်းသင်း မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ ဝါတိုးရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်း၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ကာ နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကျောင်းဝင်ခွင့်ရကျောင်းသား၊ကျောင်းသူ များအား မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ဆရာကြီးဒေါက်တာမြတ်သူက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် တက္ကသိုလ်မှချမှတ်သည့် ကျောင်းသား၊ကျောင်းသူများ လိုက်နာရန်စည်းကမ်းချက်များ၊ အဆောင်နေစည်းကမ်း များကို ရှင်းလင်းပြောကြားပြီး ဘာသာရပ်အလိုက်သင်ကြားသည့် ဆရာ၊ဆရာမများကို ကျောင်းသား၊ကျောင်းသူများနှင့် မိတ်ဆက်ပေးကာ အခက်အခဲများရှိပါက ဌာနမှူးထံ သတင်းပေးပို့နိုင်ရေးနှင့် မောင်တို့မယ်တို့အနေဖြင့် အင်ဂျင်နီယာဘွဲ့ရရှိသည့်ထိ ကြိုးစားသင်ယူကြစေ ရန် ပြောကြားပြီး နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်း စာသင်ခန်း၊ လက်တွေ့ခန်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ဆောင်ရွက်မှုတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြီး ကျောင်းဝန်းအတွင်း မြေပြင်ရှိစာသင်ခန်း၊ လက်တွေ့ခန်းများကို ကွင်းဆင်းပြသရှင်းလင်းခဲ့သည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအနက် ရမည်းသင်းနည်းပညာတက္ကသိုလ် ဝင်ခွင့်ရကျောင်း သား၊ ကျောင်းသူများအား ပထမနှစ် (ပထမနှစ်ဝက်)ကိုလည်းကောင်း၊၂၀၁၉-၂၀၂၀ပညာသင်နှစ် ဒုတိယနှစ်ဝက်ပထမနှစ်မှ စတုတ္ထနှစ်သင်တန်းများကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ခုနှစ် ဆဋ္ဌမနှစ်သင်တန်းကိုလည်းကောင်း အသီးသီးဖွင့်လှစ်၍ မေ ၁၂ရက်မှ စ၍ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားလျက်ရှိကြောင်း သတင်းရသည်။

ဇော်ဝင်းအောင်(ပြန်/ဆက်)