နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဆရာတော်ထံနဝကမ္မအလှူတော်ငွေနှင့် သင်္ကန်းများလှူဒါန်း

နောင်ချို မေ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ ဆရာတော်ထံသို့ ယမန်နေ့ကမန္တလေးမြို့ ဗြမ္မာမင်းသင်္ကန်းတိုက်မိသားစုမှ နဝကမ္မအလှူတော်ငွေ ကျပ်သုံးသိန်း၊ ရဟန်းသင်္ကန်းတစ်စုံ၊ ရှင်သာမဏေသင်္ကန်း ၂၀ စုံကိုလည်းကောင်း၊ ပြင်ဦးလွင်မြို့ရေချမ်းအိုးရွာ ရဟန်းမယ်တော်ကြီးမိသားစုမှ နဝကမ္မအလှူငွေသုံးသိန်းနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သဖန်းကိုင်းပရဟိတကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ သာမဏေစုစုပေါင်း၂၉၈ ဦးကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး ဘာသာရေး၊ ပညာရေးကိစ္စများအား ဆရာတော်၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိ​ကြောင်း၊ နွေရာသီကာလတွင်အခမဲ့ ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ​ကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။

ထွေးငယ်၊ (ပြန်/ဆက်)