တန့်ယန်း မေ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ယခင်နှစ် စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ ခွဲက မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်အတွင်း ကျင်းပသည်။
အဆိုပါ အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားတွင် ၂၀၂၁-ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ၌ တန့်ယန်းစာဖြေဌာနမှ အောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော် (၂၈)ပါးနှင့် သီလရှင် (၂၃)ပါး စုစုပေါင်း (၅၁)ပါးတို့အား မြို့နယ်မှတာဝန်ရှိသူအသီးသီးတို့က အောင်လက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဆက်ကပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)