ကမာရွတ်မြို့နယ်တွင် စာအုပ်စာစောင်များ လှူဒါန်းပွဲကျင်းပ

ကမာရွတ် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန၊ စာကြည့်တိုက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်း​ပေးသည့် စာအုပ်၊ စာစောင်များကို သက်ဆိုင်ရာရပ်ကွက် စာကြည့်တိုက်များသို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်( ၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးမှ   ရပ်ကွက်စာကြည့်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ လှူဒါန်းကြောင်းပြောကြားပြီး အမှတ်(၆)ရပ်ကွက်၊ ပြည်ရိပ်မွန် အိမ်ရာ၊ ပညာတန်​ဆောင်စာကြည့်တိုက် ဥက္ကဋ္ဌ ဦးမြင့်စိုးက မိမိတို့စာကြည့်တိုက်တွင် သုတရသစာပေများကို လူကြီးလူငယ်မရွေး လာ‌ရောက် ဖတ်ရှုနိုင်ကြောင်း၊ ယခုလိုစာအုပ်များ လက်ခံရရှိ‌သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မြို့နယ်စာကြည့်တိုက်အဖွဲ့ဝင်များ၊ ရပ်ကွက်စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

စိမ်းလဲ့