ကျိုင်းတုံ မေ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် အခြေခံဂစ်တာတီးနည်း (အခမဲ့) သင်တန်းကို မေလ ၁၂ ရက်မှ ၁၄ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခြေခံဂစ်တာတီးနည်း(အခမဲ့)သင်တန်းတွင် ဂစ်တာပင့်ခတ်နည်း၊ အောက်ခတ်နည်း၊ ကန်းထရီး၊ ကြိုးညှိနည်း၊ ကော့ဒ်ကိုင်နည်းစသည့် အခြေခံဂစ်တာတီးနည်းများကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျွမ်းကျင်နည်းပြများဖြင့် စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)