မိတ္ထီလာခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီသင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာ မေ ၁၁

မိတ္ထီလာခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရှိ  လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲတွင် သင်တန်းနည်းပြဖြစ်သူ စာရေးဆရာရဲမြင့်(နောင်ချို)က သင်တန်းတွင် သင်တန်းပို့ချပေးခဲ့သည့် အခြေခံပန်းချီပညာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၎င်းနောက် သင်တန်းနည်းပြ စာရေးဆရာ ရဲမြင့် (နောင်ချို) ထံသို့ အမှတ်တရဂုဏ်ပြုလက်ဆောင်ကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပေးအပ်သည်။ ဆက်လက်၍ သင်တန်းတွင် ပထမ၊ဒုတိယ၊တတိယနှင့် အထူးဆုရရှိသည့် သင်တန်းသူသင်တန်းသားများအား ဂုဏ်ပြုဆုများကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် မြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။ အဆိုပါ အခြေခံသင်တန်းအား ဧပြီလ ၂ဝ ရက်နေ့မှ မေလ ၁ဝ ရက်နေ့အဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ သင်တန်းသူသင်တန်းသား ၂၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ