ပြင်ဦးလွင် မေ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် အခြေခံပညာဉီးစီးဌာန၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ သင်ရိုးသစ် GRADE-5 မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းနွဲ့တို့မှ သင်တန်းနှင့်ပတ်သတ်သည့် အချက်အလက်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို (၁၀-၅-၂၀၂၂) မှ (၁၃-၅-၂၀၂၂) ရက်နေ့အထိ သင်တန်းကာလ(၄) ရက်ကြာ နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ သင်တန်းနည်းပြ ဆရာများမှသင်တန်းသား (၇၀၆)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက် )