မတ္တရာမြို့နယ်၌ မြို့နယ်အဆင့် သင်ရိုးသစ် Grade-5 ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ

မတ္တရာ မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် Gradr-5 မြို့နယ်ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီ၃၀မိနစ်အချိန်က အ-ထ-က(မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဆွေဝင်းမှ လမ်းညွှန်စကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းပိုင်မှ သင်တန်းနှင့်ပတ်သက်သောကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကာလအတွင်း လိုအပ်ချက်များရှိပါက သင်တန်းကြီးကြပ်များထံ အကြောင်းကြားနိုင်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။ ဖွင့်ပွဲအပြီးတွင် သင်တန်းနည်းပြများမှ သင်တန်းကို ဆက်လက်ပို့ချကြောင်းသိရသည်။

အဆိုပါ သင်တန်းတွင် မတ္တရာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူတန်းပြ ဆရာ၊ ဆရာမ သင်တန်းသား (၅၀၀)ဦးတို့အား သင်တန်းနည်းပြ (၃၀)ဦးတို့မှ အခန်း(၁၅) ခန်းခွဲ၍ မေလ ၁၀ ရက်နေ့မှ မေလ ၁၃ရက်နေ့ အထိ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ စသည့်ဘာသာ ရပ်များကို သင်ထောက်ကူပစ္စည်းများဖြင့် စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)