လှိုင်သာယာ(အနောက်ပိုင်း) မေ ၁၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၁၉)ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်နေသော မိသားစုများအား ကုလသမ္မဂ္ဂစားနပ်ရိက္ခာဖွံ့ဖြိုးမှု အစီအစဉ်(WFP)၏ အစီအစဉ်ဖြင့် ယနေ့နံနက်(၈)နာရီက ထပ်မံလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းမှုရာ၌ တစ်အိမ်ထောင်လျှင် ဆန်တအိတ်နှုန်းဖြင့် စုရပ်(၄)နေရာ သတ်မှတ်ပြီး WFP မှ ဖြန့်ဖြူးရေး အဖွဲ့ခေါင်းဆောင် ဦးစိုးဝဏ္ဏနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ဆောင်ရွက်ခဲ့ရာ စုစုပေါင်း အိမ်ထောင်စု (၁၁၀၀)စုတို့ အတွက် (၅၀)ကီလိုဝင် ဆန်အိတ်ပေါင်း (၁၁၀၀)အိတ် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လှိုင်သာယာအနောက်)