သာကေတမြို့နယ်တွင် မူလတန်းအဆင့် Grade - 5 သင်ရိုးသစ် သင်တန်းစတင်ဖွင့်လှစ်

သာ​ကေတမေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာ‌ကေတမြို့နယ် အ.ထ.က(၂) စိန်ညီလာခန်းမ၌ ယနေ့နံနက် ၈:၃၀နာရီက မူလတန်းအဆင့် Grade-5 သင်ရိုးသစ်သင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းမှူး မြို့နယ်ပညာရေးမှူး ဒေါ်ခင်အုန်းဝင်း၊ သင်တန်ကြီးကြပ် လက်ထောက်ပညာရေးမှူး ဆရာဦးလှထွန်း၊ သင်တန်း နည်းပြအဖြစ် မူလတန်းကျောင်းအုပ် ဆရာ၊ဆရာမ (၃၆)ဦးမှ သင်ကြားပို့ချကာ ဆရာ၊ဆရာမ (၂၁၅)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Grade-5 သင်ရိုးသစ်သင်တန်းအား အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌ စာသင်ခန်း(၉)ခန်း အသုံးပြုကာ ဘာသာရပ်(၇)ခုအား (၁၀)ရက်နေ့မှ (၁၃)ရက်နေ့ အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ