ကာမိုင်းမြို့၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကာမိုင်း မေ ၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား‌ကျောင်းသူ လူငယ်များ စာလုံး‌ပေါင်းဖတ်တတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး စာကြည့်တိုက် အသင်း၀င်ကျောင်းသား ကျောင်းသူများအား ယနေ့ နံနက်(၁၀)နာရီခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ကျောင်းသား ကျောင်းသူ(၁၀)ဦးမှ ပထမ၊ ဒုတိယ၊တတိယနှင့် နှစ်သိမ့်ဆု ရရှိသူများအား ပြန်/ဆက်တာ၀န်ခံဒေါ်ရွှေဇင်ဦးက အမှတ်တရ လက်ဆောင်ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

လဆိုင်း