ဒဂုံဆိပ်ကမ်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် အ.ထ.က (၅)တွင် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း (Grade -5) သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနားတွင် မြို့နယ်ပညာရေးနှင့် ကျန်းမာရေးတာဝန်ခံ အဖွဲ့၀င်(၂) ဦးလှကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်မှ သင်တန်းသားများအား သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် မကြာမီအချိန်အတွင်း ကျောင်းများ ဖွင့်လှစ်တော့မှာဖြစ်သည့်အတွက် ဆရာ၊ဆရာမ များအား ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ (Grade-5)ဆင့်ပွားသင်တန်းကို မေလ ၁၀ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ (၄)နာရီအထိ ၄ ရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်အဆင့် ဆင်ပွားသင်တန်းကို (၁၀.၅.၂၂)ရက်နေ့မှ (၁၃.၅.၂၂)ရက်နေ့အထိ သင်တန်းသား (၂၂၃)ဦး၊ နည်းပြ(၃၂)ဦး၊ ရုံးအဖွဲ့ (၃)ဦး၊ ကြီးကြပ် (၄)ဦး၊ သင်တန်းမှူး (၁)ဦး တက်ရောက်ကြပြီး သင်တန်းသား ပျက်ကွက်မှုမရှိပါကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်ထံမှ သတင်းရရှိပါသည်။
လဲ့လဲ့