မူဆယ် မေ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲကို မူဆယ်ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ အများသူစိတ်ဝင်စားဖွယ် စာအုပ်စာစောင်များ ကိုပြသပြီး စာပေဖတ်ရှုလိုစိတ်များ တိုးပွားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စဉ်းစားတွေးခေါ်မှုမြှင့်မားစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် အသိပညာ၊ အတတ်ပညာများရရှိစေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ် သည်။ ထို့ပြင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်တွင် မြန်မာနိုင်ငံ၌ဖြစ်ပေါ် လျက်ရှိသောလူကုန်ကူးမှု ပုံစံများအကြောင်း၊ လူကုန်ကူးခံရခြင်းကြောင်း ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသောဆိုးကျိုးများ၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ပုဒ်များကိုပြသပြီး တက်ရောက်လာသော ပြည်သူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)