မင်းပြား မေ ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ကွပ်ကဲမှုအောက်ရှိ မင်းပြားမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မီမီစံက သင်တန်းတွင် ပို့ချရမည့် ဘာသာရပ်များ၊ သင်တန်းအထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးမှုများကို ရှင်းလင်းပြောကြားပြီး အခမ်းအနား တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်း၊ နာမှုနာပုံစံများကို လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်းတွင် သင်တန်းသား(၃၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၂၂)ပတ် ကြာမြင့်မည်ဖြစ်ကာ နယ်စပ်ဒေသ အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် တစ်ဦးချင်းဝင်ငွေ တိုးပွားလာခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေး လုပ်ငန်းစဉ်များအတွက် အထောက်အကူ ပြုနိုင်စေရန် စသည့် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး မောင်တော၊ အမ်းမြို့နယ်များတွင်လည်း သင်တန်းဖွင့်ပွဲများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
သိန်းနုအောင်