ဂွမြို့ ရွှေတွင်းတူးကျေးရွာတွင် တောဆင်ရိုင်း(၅)ကောင် ဖျက်ဆီးမှုကြောင့် ကွမ်းခြံ(၂)ခြံပျက်စီး

ဂွ မေ ၉

ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရွှေတွင်းတူးကျေးရွာတွင် ယမန်နေ့ည (၁၁)နာရီအချိန်က တောဆင်ရိုင်း (၅)ကောင်ဝင်ရောက် ဖျက်ဆီးမှုကြောင့် ကွမ်းခြံ(၂)ခြံ ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တောဆင်ရိုင်း(၅)ကောင်သည် ရွှေတွင်းတူးကျေးရွာအထက် (၂)ဖာလုံခန့်အကွာရှိ ကွမ်းခြံနှစ်ခြံအား ဖျက်ဆီးခဲ့ရာ ရွာသားများက အော်ဟစ်ခြောက်လှန့် မောင်းထုတ်ခဲ့သောကြောင့် ယနေ့နံနက် ၂နာရီအချိန်တွင် တောထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့မှ လိုအပ်သည်များကို ဆက်လက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်