ကလော မေ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့အနီးရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ပန်းရာသီဖြစ်၍ ဆန်းပါဖြူ(ခေါ်) ဂန္ဓမာပန်းကို အဓိကထားစိုက်ပျိုးလျက်ရှိကြောင်း မြက်ဆက်ကျေးရွာနေ ပန်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ပန်းကို စတင်စိုက်ပျိုးချိန်မှ အနဲဆုံး၅လကြာမှ စတင်ခူးဆွတ်ရကြောင်း၊ ယခုနှစ်မှာမြေဩဇာ၊ ဆေးဖိုးတွေ၊ ဓာတ်ဆီဖိုးတွေစျေးကြီးလို့ အရင်နှစ်လောက်မစိုက်ပျိုးနိုင်ကြောင်း၊ ပန်းများကို မြေဩဇာတွေကျွေးရ၊ ဆေးဖျန်းပေးရ၊ ပေါင်းပင်ရှင်းလင်းရ၊ ရေတွင်းတူး၍ ရေမော်တာဖြင့် စုပ်တင်ကာရေဖျန်းပေးရကြောင်း၊ ယခင်နှစ်လောက် မစိုက်နိုင်ပင်မဲ့ ယခုနှစ်မှာ ပျိုးပင်တစ်ပင်ကို ၅ ကျပ်နှုန်းဝယ်ယူစိုက်ပျိုးရလို့ သုံးသောင်းခွဲ လေးသောင်းလောက်ပဲ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း၊ ပန်းများစတင်ခူးဆွတ်ချိန်တွင် တစ်နေ့ကို ၈၀၀ မှ ၁၀၀၀ ကြားခူးရပါတယ်၊ ပန်းစျေးကတော့ ယခင်နှစ်လိုပဲတစ်ပွင့်ကို ၈၀ မှ ၁၀၀ ကြားရောင်းချရပီး ကျွန်တော်တို့ ခြံထဲအရောက် ပန်းပွဲစားများက လာရောက်ဝယ်ယူပြီး ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်း မြက်ဆက်ကျေးရွာနေ ပန်းစိုက်သူတောင်သူတစ်ဦးထံမှ သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)