နွားထိုးကြီးမြို့နယ်၌ ကိုဗစ် - ၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

နွားထိုးကြီး  မေ  ၉

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး ဆိုင်ရာအချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲစက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် ဘုရားကြီးကျေးရွာ ရှိလူစည်ကားရာ နေရာများတွင် အသိပေးနိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်း =စည်း (Mask)တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါကမျက်နှာ အကာ (Faceshield)ကိုတွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တပ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေး ရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောပါ၊ အလုံပိတ် အခန်းများ အဲကွန်းခန်းများ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတက်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ် အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်း စည်း (Mask)ကို စနစ်တကျ တပ်ဆင်ပါ စသည့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပေး နှိုးဆော်ချက်များကိုအများပြည်သူများ သိရှိစေရန်ရည်ရွယ်၍  အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ဘုရားကြီးကျေးရွာရှိ လူစည်ကားရာနေရာတို့ တွင်လိုက်လံ အသိပညာ ပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်