ပုံပါကျင် မေ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာရေးဆရာအတ္တကျော်၏ “သားငယ်တို့နားလည်ဖို့” စာအုပ်ကို ယနေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပုံပါကျင်မြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြမြအေး ကစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက ဦးဆောင်၍ စာရေးဆရာ အတ္တကျော်၏ “သားငယ်တို့ နားလည်ဖို့” စာအုပ်ထဲမှ အခန်း(၁)ကြီးကောင်ဝင်စ ခန္ဓာကိုယ်အပြောင်းအလဲ၊ အခန်း(၂)ရှက်ရွံ့စိတ်၊ အခန်း(၃)ယောက်ျားဘသား ကျားကျားလျားစသည့် ခေါင်းစဉ်များနှင့်ပတ်သက်သည့် အကြောင်း အရာများကို စာအုပ်စာပေချစ်မြတ်နိုး သူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်အတူ အသီးသီး ဖတ်ကြားဆွေးနွေးကြောင်း သိရသည်။
ပုံပါကျင်(ပြန်/ဆက်)