လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်/စာစောင်များ လှူဒါန်းပွဲကျင်းပ

လှည်းကူး မေ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community  Centre)ခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းထားသော စာအုပ်/စာစောင်များကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များသို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ( ၁၀:၀၀) နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် လှည်းကူးမြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညွှန့် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေး ကော်မတီဝင် အတွင်းရေးမှူး ဒေါ်အေးအေးနွဲ့က ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ လှူဒါန်းကြောင်း ပြောကြားပြီး ကျေးရွာ စာကြည့်တိုက်မှူးများ ကိုယ်စာကျွန်းကလေးကျေးရွာ ဘဝအလင်းအိမ်စာကြည့်တိုက်မှူး ဦးထွန်းဦးက မိမိတို့စာကြည့်တိုက်တွင် သုတ/ရသစာပေများကို လူကြီးလူငယ်မရွေးလာ‌ရောက် ဖတ်ရှုနိုင်ကြောင်း၊ ယခုလိုစာအုပ်များ လက်ခံရရှိ‌သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စာကြည့်တိုက်အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်မှူးများ တက်ရောက် ကြောင်း သိရှိရသည်။

အေးအေးနွဲ့