စဉ့်ကူး မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂ဝ၂၁ ခုနှစ် ပါဠိပထမပြန် စာမေး ပွဲ၌ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်သည့် စူဠဘွဲ့ နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက စဉ့်ကူးမြို့နယ်သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌဆရာတော်က သြဝါဒ ရေစက်ချတရားချီးမြှင့်သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး အခမ်းအနားမှူးက စာအောင်သံဃာများအား လှူဒါန်းသည့် အလှူရှင်များစာရင်းကို ဖတ်ကြား လျှောက်ထားသည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း အောင်မြင်သူ စာအောင်သံဃာ (၄) ပါးအား နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိူးသန့်ဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးသော်တာ ထွန်းနှင့် ရဲမှူး သက်စိုးတို့က လည်းကောင်း၊ ပထမလတ်တန်း အောင်မြင်သည့် သံဃာ(၁) ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးထွန်းညွန့်ဦး ကလည်းကောင်း၊ အခြေပြုမူလတန်း အောင်မြင်သည့် စာအောင် သံဃာ (၂) ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေဝင်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ကလည်းကောင်း၊ စာအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ပထမပြန် ကြီးကြပ်ဆရာတော်များအား ၀တ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ ကြကာ အခမ်းအနားကို ဗုဒ္ဓသာသာနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ ၂၀၂၁ ခုနှစ်တွင် အစိုးရပါဠိ ပထမပြန် စာမေးပွဲ ဖြေဆိုအောင်မြင်သည့် စာအောင်သံဃာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)