သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်

သိန္နီ မေ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ဘက်စုံထူး ချွန်စေရန်ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ လူငယ်များကျန်းမာကြံ့ခိုင်စေရန်အတွက် သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများမှ Physical Fitness Dance ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်မှ ဒေသတွင်း နေထိုင်ကြသောလူငယ်များ ကျန်းမာရေးတွင်စိတ်ပါဝင်စားပြီး နိုင်ငံတော်တွင် ကျန်းမာသန်စွမ်းသောလူငယ် များပေါ်ထွန်းလာစေရန်၊ လူငယ်များအနေဖြင့် မူးယစ်စေသော ဆေးဝါးများသုံးစွဲခြင်းမှ ကာကွယ်ရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရိုက်ကူးခြင်း ဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှားအားကစားအစီ အစဉ်ကို သိန္နီမြို့နယ် We Love Hseni Page နှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း မြို့နယ် ဉီးစီးအရာရှိ  ဒေါ်ဥမ္မာချိုထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)