ကျောက်ပန်းတောင်း မေ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အက ဖြစ်စေရန်အတွက်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာရည် ပြုလုပ်နည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာ စကားပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြဆရာမ ဒေါ်နန်းမြင့်ဦးက မိတ်ဆက်စကားပြောကြား၍ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်း လိုက်သည်။ ယနေ့ဖွင့်လှစ် သည့် ခေါင်းလျှော်ရည်နှင့်ဘက်စုံသုံး ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်းကို မြို့နယ်ဦးစီးမှူးရုံး သင်တန်း ခန်းမတွင် နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ (၁၀)ရက်ကြာ အခမဲ့သင်ကြားပေးသွား မည်ဖြစ် ကြောင်းနှင့် သင်တန်းသို့ ကျေးရွာအသီးသီးမှ သင်တန်းသူ(၁၈)ဦး တက်ရောက်ကြမည် ဖြစ်ကြောင်းသိရ သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင့်နှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)