လဲချား မေ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန် ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဦးစီး အရာရှိနှင့် ဝန်ထမ်းများက သုတ၊ ရသစာအုပ်များကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ သုတ၊ ရသ စာအုပ်၊ စာစောင်များကို ကွင်းဆင်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)