ဆွမ်ပရာဘွမ် မေ ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူငယ်နှင့်ဇွဲချစ်နိုင် (စိတ်ပညာ)စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်း ဆောင်ရွက်ခြင်းတွင် ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျေအားနာက အမှာစကားပြောကြားရာ အောင်မြင်မှုဇွဲလုံ့လ၊ ဇွဲလုံ့လနှင့်အောင်မြင်မှုသည် ဆက်စပ်နေပါကြောင်း၊ လူငယ်မောင်မယ်များက အနာဂတ်ကိုပိုင်စိုးကြောင်း၊ အနာဂတ်သည် လူငယ်မောင်မယ်များအတွက် ဖြစ်သည်ဟု ယုံကြည်ရကြောင်း၊ လူငယ်မောင်မယ်များအား အောင်မြင်စေချင်ပြီး သူများနှင့်ယှဉ်လျှင် မရှက်မကြောက် ဇွဲလုံ့လနှင့်ပြိုင်ပြီး အောင်မြင်ဖို့ရစေချင်ကြောင်း ပြောကြားကာ စာဖတ်ဝိုင်း၌ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများကလည်း စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် အသိပညာ အတတ်ပညာများ တိုးပွားလာပြီး အကောင်းအဆိုးများကို ဝေဖန်ပိုင်းခြားတတ်လာကြောင်း၊ စာကြည့်တိုက်ရှိ သုတ/ ရသဂျာနယ်များ လေ့လာဖတ်ရှု့ခြင်းဖြင့်လည်း ဘဝတိုးတက်လမ်းကို ရှာနိုင်ပါကြောင်း၊ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် ဗဟုသုတအများအပြား ရရှိပါကြောင်း စသည့်အကြောင်းအရာများ ပြောကြားပြီး လူငယ်နှင့်ဇွဲချစ်နိုင် (စိတ်ပညာ)စာအုပ်ကို ဖတ်ရှု့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)