စဉ့်ကိုင် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့်၊ ကျောင်းသား/ ကျောင်းသူများ ပန်းချီဆွဲခြင်းအား စိတ်ပါဝင်စားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး များ ယခု ထက်ပိုမိုမြင့်မားလာပြီး စိတ်တည်ငြိမ်စွာဖြင့် ဆောင်ရွက်တတ်စေရန်စသည့် ရည်ရွယ်ချက် များဖြင့် ပြိုင်ပွဲကျင်းပ ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ် နိုးသူများ အသင်းဥက္ကဋ္ဌ ဦးဝင်းကြည်က အမှတ်ပေးစည်းမျဉ်း ၊စည်းကမ်းများကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ပျော်ရွှင်စွာ ယှဉ်ပြိုင် ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ဆုလက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲသို့ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ၊ Book Club၊ Youth Club ၊Woman Club အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးအေးမိုး