နမ့်ဆန် မေ ၉
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ့်ဆန်ဒေသရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုခံရပါက ကူညီဆောင်ရွက်ပေးမည့် အခြေအနေ၊ အမျိုးသမီးများ၏ လူမှုဘဝမြင့်မားရေးအတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှုမခံရစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကို ကာကွယ်ရမည့်အချက်များကို အွန်လိုင်းမှတစ်ဆင့် အသိပညာပေးဆွေးနွေးမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)