မဟာအောင်မြေ မေ ၉
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ ရောက်ရှိလာသော ကျောင်းသူ၊ ကျောင်းသားများကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဉာဏ်ရည်ထက်မြတ်စေဖို့ ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ပေးခဲ့ သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသူ၊ ကျောင်း သားများအား ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက် စေရန်၊ တည်ငြိမ်ရင့်ကျက်၍ စဉ်းစားတွေးခေါ်တတ်သော အနာဂတ်မျိုးဆက်သစ်များ ဖြစ်ပေါ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်များ၊ အသိ ပညာဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျောင်းသူ၊ ကျောင်းသားများကို စစ်တုရင်ကစားပြိုင်ပွဲ၊ ဒိုးဇက်ကစား ပြိုင်ပွဲတို့ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း