ကျောက်ဆည် မေ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာအုပ်စု၊ အေးကျေးရွာ၊ မဟာသိန္တိသုခဓမ္မရက္ခိတ ကျောင်းတိုက်တွင်၂၀၂၂ ခုနှစ်မေလ (၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်ခွဲ(၃) ဖြစ်သော သံရွာ ကျေးရွာမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ကျေးရွာလူမှုရေးအဖွဲ့များ ပူးပေါင်းပြီး စုပေါင်းသန့်ရှင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဘုန်တော်ကြီးကျောင်းအတွင်းရှိ ရုပ်ပွားတော် များအား ရေသပ္ပာယ်ခြင်း၊ သောက်တော်ရေများကပ်လှူခြင်း၊ ဘုရားပန်းများအသစ်လဲခြင်း၊ ကျောင်း တိုက်အတွင်းရှိ ပိုးအိမ်မျှင်များ၊ဖုံများအား သန့်ရှင်းခြင်း၊ ကျောင်းဝင်းအတွင်း ပေါက်ရောက်နေသည့် ပေါင်းမြက်များ၊ အမှိုက်များ စုပေါင်းသန့်ရှင်းခြင်းများဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)