ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး ငပြောင်ဆည်မှ ရေပေးဝေနေသော မြောင်းများအား ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်

ကျောက်ဆည် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငပြောင်ဆည်မှ ရေပေးဝေနေသော မြောင်းများအား ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့်  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများမှာ ငပြောင်ဆည်ရေသောက်စနစ်ဖြစ်သည့် နွားတက်ခွဲမြောင်း ပေတိုင်အမှတ် အာဒီ ၇+၀၀၀ရှိ ရေကျအဆောက်အအုံအား ပြုပြင်ခြင်း၊ ပေတိုင်အမှတ်အာဒီ၀+၀၀၀မှအာဒီ၅၃+၀၀၀အတွင်း သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းနှုတ်ခမ်းကျောက်သားဆလံများအား အချောသတ်ခြင်း၊ ပေတိုင်အမှတ် အာဒီ ၄၇+၈၅၀မှ အာဒီ၅၁+၀၀၀အတွင်း ရေမြှင့်အဆောက်အအုံ(၂)ခု တည်ဆောက်ခြင်း၊  နွားတက်မြောင်းမကြီး ပေတိုင်အမှတ် အာဒီ ၁၂+၂၀၄ ရှိ ရေကျအဆောက်အအုံ ပြုပြင်ခြင်း၊ ပေတိုင်အမှတ် အာဒီ ၁၃+၅၀၀မှအာဒီ ၁၆+၀၀၀အတွင်း နိမ့်ကျနေသော ဝဲ/ယာမြောင်းဘောင်းများတွင် ကမ်းကာမြေဖို့ခြင်း၊ ပေတိုင်အမှတ် အာဒီ ၁၃+၀၁၉ရှိ ရေကျအဆောက်အအုံ ပြုပြင်ခြင်း၊ ရန်ဒိတ်ခွဲလက်တံမြောင်း ပေတိုင်အမှတ် အာဒီ ၀+၀၀၀မှ ၁၁+၀၀၀အတွင်း သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းနှုတ်ခမ်းကျောက်သား ဆလံများအား အချောသတ်ခြင်း၊ ငပြောင်မြောင်း ပေတိုင်အမှတ် အာဒီ ၀+၀၀၀မှ အာဒီ၄၃+၀၀၀ အတွင်းရှိ သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းနှုတ်ခမ်း ကျောက်သားဆလံများအား အချောသတ်ခြင်း၊ ပေတိုင်အမှတ် အာဒီ၇+၉၆၅မှအာဒီ၁၁+၃၀၀အတွင်းရှိ ရေပေး ပြွန်(၅)လုံးပြုပြင်ခြင်း၊ ပေတိုင်အမှတ် အာဒီ၃၆+၁၀၀မှအာဒီ၄၃+၀၀၀အတွင်းရှိ ရေမြှင့်အဆောက်အအုံ(၃)ခု တည်ဆောက်ခြင်း၊ ပေတိုင် အမှတ် အာဒီ၂+၀၀၀ ရှိ ရေလျှံထွက်ပေါက်အဆောက်အအုံတည်ဆောက်ခြင်း၊ ပေတိုင်အမှတ် အာဒီ ၈+၀၀၀တွင် အရှည်(၁၅၀)ပေ မြေကာနံရံတည်ဆောက်ခြင်း၊ ရေစိုလက်တံမြောင်း ပေတိုင် အမှတ် အာဒီ၇+၀၃၅မှအာဒီ၇+၅၀၀အတွင်းရှိ ရေပေးပြွန်(၃)လုံးပြုပြင်ခြင်း၊ အုန်းခရိုင်(က)မြောင်း ပေတိုင် အမှတ်၀+၀၀၀မှအာဒီ၁၆+၀၀၀အတွင်း သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းနှုတ်ခမ်း ကျောက်သားဆလံ များအား အချောသတ်ခြင်း၊ ကွမ်းဆေးမြောင်း ပေတိုင်အမှတ် အာဒီ၀+၀၀၀မှအာဒီ၈၁+၃၀၀ အတွင်း သဲနုန်းတူးဖော် ခြင်းနှင့် မြောင်းနှုတ်ခမ်းကျောက်သားဆလံများအား အချောသတ်ခြင်း၊ ပေတိုင်အမှတ် အာဒီ၆+၃၀၀မှအာဒီ ၁၅+၀၂၀အတွင်း ရေပေးပြွန်(၅)လုံးပြုပြင်ခြင်း၊ ပေတိုင်အမှတ် အာဒီ၂၃+၂၅၀မှ အာဒီ၃၂+၇၃၆ အတွင်းရှိ ရေပေးပြွန်(၆)လုံး ပြုပြင်ပေးခြင်း၊ ပေတိုင်အမှတ် အာဒီ၇၅+၀၀၀မှ အာဒီ၁၄+၅၀၀အတွင်း ရေမြှင့်အဆောက်အအုံ တည်ဆောက်ပေးခြင်း၊   စော်ဘွားလက်တံမြောင်း ပေတိုင်အမှတ် အာဒီ၀+၀၀၀မှအာဒီ ၂၀+၀၀၀အတွင်း သဲနုန်းတူးဖော်ခြင်းနှင့် မြောင်းနှုတ်ခမ်း ကျောက်သားဆလံများအား အချောသတ်ခြင်း၊ သရက်ချိုမြောင်း ပေတိုင်အမှတ် အာဒီ၁၇+၇၇၀မှ အာဒီ ၁၉+၈၅၀အတွင်း ရေပေးပြွန်(၄)လုံးပြုပြင်ပေးခြင်း၊ တမုတ်မြောင်း ပေတိုင်အမှတ် အာဒီ ၂၀+၅၈၅မှ အာဒီ၂၇+၇၇၅ အတွင်း ရေပေးပြွန်(၅)လုံး ပြုပြင်ခြင်း၊ ရေစိုလက်တံမြောင်း ပေတိုင် အမှတ် အာဒီ၁၂+၀၀၀တွင် သင်းတွဲမြောင်းဖြတ် ရေသွယ်လျှောက်ပြပြုခြင်း၊ ကလိုင်ကျော်(က)မြောင်း ပေတိုင်အမှတ် အာဒီ၂+၆၈၆မှ၁၄+၅၀၀အတွင် ရေပေးပြွန်(၅)လုံး ပြုပြုခြင်း၊ လုပ်ငန်းများ ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို သတ်မှတ်လာလအတွင်းပြီးစီးရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ပြီးပါက သီးနှံများ စိုက်ပျိုးရာ၌ ရေများပေးဝေရာတွင် အလေအလွင့်လျော့နည်းပြီး လိုအပ်သည့်  ရေပမာဏပြည့်မီစွာဖြင့် စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ ပေးဝေနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)