မိတ္ထီလာ မေ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စာဖတ်ဝိုင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB)နှင့် မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ စာရေးဆရာ တင်တော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန(နေပြည်တော်)မှ ကျင်းပသည့် ပုံပြောပြိုင်ပွဲတွင် မိတ္ထီလာခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေနှင့် ပြိုင်ပွဲတွင် ဆုရရှိသည့်အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက ပုံပြောပြိုင်ပွဲတွင် တတိယဆုရရှိသည့် အ.ထ.က(ခွဲ) အောင်ဇေယျာမှ(Grade-9)ကျောင်းသူ မခိုင်သဇင်သန့်အား ဆုချီးမြှင့်ပေး အပ်ခဲ့သည်။ ၎င်းနောက် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်သူများက ကိုယ်တိုင်ရေး ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများကို ပြန်လည် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (BOOK CLUB) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုး သူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)