တနိုင်း မေ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊တနိုင်းမြို့နယ်တွင် ပန်းအလှထိုး သင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းအလှထိုးနည်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ ကျောင်းပြင်ပအတတ်ပညာများကို အသုံးချတတ် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပန်း အလှဆင်နည်းသင်တန်းတွင် နည်းပြဆရာမ ဒေါ်လုအောင်က အခမ်းအနားများတွင် သုံးသည့် ပန်းအလှအိုးထိုးနည်း၊ မင်္ဂလာလက်ကိုင်ပန်းပြုလုပ်နည်း၊ အမျိုးသားများအတွက် ပန်းရင်ထိုးပြုလုပ်နည်နှင့် ပန်းစည်းပြုလုပ်နည်းများကို သင်ကြားပေးခဲ့ ကြောင်း သိရသည်။
ဝါဝါ