ကြည့်မြင်တိုင် မေ ၈
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်(community centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၁) နာရီကကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရည်ရည်မွန်