ကြည့်မြင်တိုင်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန Community Centre ၌ ကမ္ဘာ့ကြက်​ခြေနီ​နေ့အထိမ်းအမှတ်​ ဟောပြောပွဲကျင်းပ

ကြည့်မြင်တိုင်  မေ  

“ကြင်နာစိတ်ထား ကြက်​ခြေနီများ လူတိုင်းအ​ပေါ် ကူ​ညီသွား” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကြက်​ခြေနီ​နေ့ ဖြစ်​ပေါ်လာပုံကို ပြည်သူများ သိရှိနိုင်စေရန် ကြက်‌‌ခြေနီလူမှု ဂရုဏာလုပ်ငန်းများအား ပြည်သူများသိရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းတည့် ၁၂နာရီ အချိန်က ရန်ကုန်အ​နောက်ပိုင်း ခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန(community centre) ခန်းမ၌ ကမ္ဘာ့ကြက်​ခြေနီ​နေ့ အထိမ်းအမှတ် ဟော‌ပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ‌ ဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် မြို့နယ်ဦးစီးမှူးဒေါ်ရည်ရည်မွန်က ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း​ပြောကြားပြီး  မြို့နယ် စာရေးဆရာ ဦးစန်းလွင်(ရွှေတိုင်လွင်)က ကမ္ဘာ့ ကြက်ခြေနီဖြစ်‌ ပေါ်လာပုံ အကြောင်းနှင့်ကြက်ခြေနီရဲ့အခြေခံမူ ()ချက်ကို အသေးစိတ်အကျယ်တဝင့် ရှင်း‌လင်း‌ ပြောကြားခဲ့ပြီး ကြက်ခြေနီ အသင်း၏ ဆောင်ပုဒ်ဖြစ်သော ကိုယ်ကျိုးမဖက် လူသားအတွက် အစဉ်ပေးဆက်ဆောင်ရွက်ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရ သည်။

ရည်ရည်မွန်