လွိုင်လင်မြို့ အဝင်အထွက်ဂိတ်များတွင် ပူးပေါင်းအဖွဲ့များ မှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်

လွိုင်လင်    စက်တင်ဘာ     ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ အဝင်အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မီးသတ် ၊ ကြက်ခြေနီ ၊ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက်  အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ကူးစက်မှုများမဖြစ်ပေါ်လာစေရန် ခရီးသွားပြည်သူများကို ကိုယ်အပူချိန် တိုင်း တာခြင်း ၊ ခရီးသွား မှတ်တမ်းရယူခြင်း ၊ ဆက်သွယ် ရမည့် တယ်လီဖုန်းနံပါတ်များရယူတို့ကို စနစ်တကျ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။ လက်ရှိအခြေအနေတွင် လွိုင်လင်မြို့၌ ကိုယ်ဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိသူ တစ်ဦး တစ်ယောက်မျှမရှိသေးကြောင်းနှင့် သံသယရှိပါက သက်ဆိုင်ရာ သတ်မှတ်ထားသည့် အသွား အလာ စောင့်ကြည့် စခန်းများ၌ ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

မိုးလွင်ဦး(လွိုင်လင်)