ပုံပါကျင် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ မိုင်းဆတ်ခရိုင် ၊ ပုံပါကျင်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင် ရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၀)နာရီခွဲက မိုင်းဟန်ကျေးရွာအုပ်စု၊ ပုံတောင်း ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မိုင်းတုံမြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်သီတာအောင်၊ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကျန်ရှိမှု မရှိစေရေး ၊ မဲဆန္ဒရှင်အမည် စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရေးတို့အတွက် အိမ်ထောင်စုစာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေး ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပုံပါကျင်မြို့တွင် ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိပြီး ဆန္ဒမဲပေးရန် လျာထားမဲရုံ (၁၈)ရုံ ရှိကြောင်းသိရသည်။
စန္ဒီ (ပြန်/ဆက်)