အမ်း မေ ၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် မြို့သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၇)နာရီအချိန်က အမှတ်(၃) ဈေးရပ်ကွက်၊ မြို့အဝင် ပဲပဒုံတံတားမှ ဦးဥတ္တမကုန်းထိ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းနှင့် သန့်ရေးပြုလုပ်ဆောင်ရွက်ခြင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများ ၄၅၀ ဦးခန့် စုပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။
ဆက်လက်၍ အမ်းမြို့နယ် တပ်တောင်မြိ၌လည်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းကို ဆောင်ရွက်ကြောင်း သိရှိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)