ပေါက်တော မေ ၇
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီမှ ပေါက်တောမြို့နယ်အတွင်းရှိ သတ်မှတ်ထားသောဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာ ကိုကိုအောင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ကာ ပုံမှန်အခြေအနေ ရှိသူများအား ကာကွယ် ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ကာကွယ်ဆေး Booster Doseကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်း(၅၄)ဦး၊ ပြည်သူလူထု(၄၂၀)ဦး၊ စုစုပေါင်း(၄၇၄)ဦး သတ်မှတ်ထားသော ဆေးထိုးစု ရပ်များတွင် လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)