ရခိုင်ပြည်နယ်၊ စစ်‌တွေမြို့တွင် မြေအသုံးချ‌မှုဆိုင်ရာမူဝါဒများ၊ ချမှတ်နိုင်ရေး ကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကျင်းပ

စစ်တွေ မေ ၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လည် ၂ နာရီချိန်က ရခိုင်ပြည်နယ် မြေအသုံးချမှု ကော်မတီအစည်း အဝေးအမှတ်စဉ် (၁/၂၀၂၂)အားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ်မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုပြုလုပ်ရသည့် အစည်းအဝေးသည် နိုင်ငံတော်ကချမှတ်ဆောင်ရွက်လျှက်ရှိတဲ့ အမျိုးသားမြေ အသုံးချမှု မူဝါဒပါရည်ရွယ်ချက်များ၊ လမ်းညွှန်ချက်များနှင့် အခြေခံမူများကို အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင်သည့် ဥပဒေများကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ်၏ မြေအသုံးချမှု ဆိုင်ရာ မျှော်မှန်းမူ ဝါဒများ ချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးနိုင်ရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် မြေအသုံးချမှု ကော်မတီကို အမျိုးသားမြေအသုံးချမှုကောင် စီ၏ ပထမအကြိမ်အစည်း အဝေးဆုံးဖြတ်ချက်အပိုဒ် ၃၀(ဂ)အရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မတ်လ၃ရက်နေ့တွင် အမိန့်အမှတ် (၁၆/၂၀၂၂)ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ရခိုင်ပြည်နယ် ဟာ အခြားသော တိုင်းဒေသကြီး/ ပြည်နယ်များနဲ့မတူတာကတော့ ပင်လယ်ကမ်းရိုးတန်း ဒေသများရှိခြင်း၊ ပင်လယ်တွင်း ကျွန်းများတည်ရှိခြင်း၊ ရခိုင်ရိုးမတောင်တန်းများ တည်ရှိခြင်း စတဲ့ မြေမျက်နှာသွင်ပြင်လက္ခဏာများ ရှိနေခြင်းဖြစ်ပါကြောင်း၊ မြေသယံဇာတများ စီမံခန့်ခွဲရာတွင် စီးပွားရေး၊နိုင်ငံရေး၊အုပ်ချုပ်ရေး၊ကာကွယ်ရေးနှင့် လူမှုရေးဆိုင်ရာ ရှုထောင့်မျိုးစုံမှသုံးသပ်ပြီး မှန်ကန်ပြည့်စုံသည့်မူဝါဒ၊ ခိုင်မာသည့် ဥပဒေဘောင်နှင့် စွမ်းရည်ရှိသော မြေစီမံအုပ်ချုပ်ရေးစနစ်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်မှာ လွန်စွာအရေးပါပြီး အမျိုးသားမြေအသုံးချမှု ကောင်စီ၏ လမ်းညွှန် ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရခိုင်ပြည်နယ်မြေအသုံးချမှုကော်မတီအဖွဲ့ဝင် ပြည်နယ်သယံဇာတ ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်တိုင်းရင်းသားရေး ရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ရခိုင်ပြည်နယ်မြေအသုံးချမှုကော်မတီ၊ အတွင်းရေးမှူး၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် မြေအသုံးချမှုကော်မတီအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးခဲ့ကြရာ ရခိုင်ပြည်နယ်မြေအသုံးချမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ပြီး နဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်ကြယ်(ပြန်/ဆက်)