မန္တလေး မေ ၆
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံမိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်းကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်မြင့်မြင့်သန်းကရှင်းလင်းပြီး “ကောင်းထက် မိုဘိုင်းဖုန်းပြုပြင်ရေး” လုပ်ငန်းမှ သင်တန်းနည်းပြ ဦးကောင်းထက်က ဖုန်းတစ်လုံး၏ အစိတ်အပိုင်း အခေါ်အဝေါ်များ၊ ဖုန်းပြုပြင်ရာတွင် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ၊ Mobile Phone တစ်လုံး၏ တည်ဆောက်ပုံနှင့် အလုပ်လုပ်ပုံများ၊ Mobile Phone တစ်လုံး၏ ဘက်ထရီအရေးကြီးမှုများ၊ ဖုန်းတစ်လုံး၏ ပါဝါဖြန့်ဝေပုံစံနစ်၊ ဖုန်းအားမဝင်ပါက အားမဝင်သော အကြောင်းရင်းရှာဖွေနည်းများ၊ Power လာအောင် ပြုလုပ်နည်းများ အစရှိသည်တို့ကို ဆွေးနွေးပို့ချပါသည်။
သင်တန်းကို (၂)ရက်ကြာဆွေးနွေးပို့ချမည်ဖြစ်ပြီး သင်တန်းသား(၁၂)ဦး တက်ရောက်ကြောင်း သိရသည်။
မြင့်မြင့်သန်း