ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ကျောက်မဲ  မေ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂  နာရီအချိန်က  စာ‌ရေးဆရာ အောင်သင်းရေးသားထားသည့်  “စဉ်းစားခြင်း” စာအုပ်ဖြင့်   စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။လူငယ်လူရွယ်များ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာဖတ်သည့် အလေ့အကျင့် ကောင်းများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများကို အပြန်အလှန် မျှဝေနိုင်‌စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ဒုတိယ ဦးစီးမှူးဒေါ်ခင်မြတ်ဝါက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက်များကို ဦးစွာဆွေးနွေးခဲ့သည်။

ထို့နောက် ဒေါ်ခင်မြတ်ဝါ၊မထက်ရည်မွန်ကျော်၊ မောင်နေသူရဝင်းမြင့်နှင့် မငွေစင်သွန်းတို့က စာရေးဆရာ အောင်သင်း၏  စဉ်းစားခြင်းစာအုပ်မှ သိကောင်းစရာများကို အသီးသီးဆွေးနွေးခဲ့သည်။

ယင်းနောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့်  အခြားလူငယ်များက ၎င်းတို့သိရှိလိုသည့် မေးမြန်းခဲ့ရာ ဒေါ်ခင်မြတ်ဝါက  ပြန်လည်ရှင်းလင်းဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)