မြောက်ဦးမြို့၌ သျှစ်သောင်း၊ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

မြောက်ဦး  မေ  ၆

ရခိုင်ပြည်နယ်၊ မြောက်ဦး၌  သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖူဆယ် ဘောလုံး ပြိုင်ပွဲကို နန်းတော်ရာကုန်းဘေး ဘောလုံးကွင်း အဟောင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပရာတွင် မြောက်ဦးမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွားများ မှဘောလုံးဝါသနာရှင်များ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး ထိုပြိုင်ပွဲဝင်အသင်း  ၃၉ သင်းမှ ဝင်ရောက် ကစားလျက်ရှိရာ တစ်နေ့လျှင် ၄ သင်းနှုန်းဖြင့် ရှုံးထွက် ကစားလျက်ရှိသည်။ ပြိုင်ပွဲကို ၄.၅.၂၀၂၂ ရက်နေ့ညနေပိုင်းမှစတင်ကာ ကစားလျက်ရှိပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ၁၆.၅.၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယ ဆု ကျပ် ၃ သိန်း အသီးသီးဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ  ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

မြင့်စိုး(ပြန်/ဆက်)