ဂွမြို့တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် တည်းခိုခန်းများအား ဧည့်စာရင်း စစ်ဆေးဆောင်ရွက်

ဂွ  မေ    ၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက်  မြို့ပေါ်ရပ်ကွက်များရှိ တည်းခိုခန်းများ အား ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခြင်းကို  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည၉နာရီက ပူးပေါင်းရေးအဖွဲ့မှ  မြို့မရပ်ကွက်အတွင်းရှိ တည်းခိုခန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း    သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည် မြို့မရပ်ကွက်အတွင်းရှိ "အောင်ချမ်းသာ တည်းခိုခန်း “ မိုး” တည်းခိုခန်း"၊ စံရိပ်မြိုင် တည်းခိုခန်း" တို့တွင် တည်းခိုသူ ကျား(၃၀)ဦး၊   မ(၈)ဦး၊ စုစုပေါင်း(၃၈)ဦးတို့အား ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ထူးခြားမှု တစ်စုံ တစ်ရာ မရှိခဲ့ကြောင်း သတင်းရရှိသည်။

ရွှေရည်ဝင်းကျော် (ပြန်/ဆက်)