ရမည်းသင်း စက်တင်ဘာ ၃
ရမည်းသင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဟန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အမှတ်(၉၇)ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရပ်ကွက်ကြီး (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သည့်အဖွဲ့မှ ယနေ့နံနက်က နေအိမ်ပြင်ပထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလှုပ်ရှားမှုပြုလုပ်ရာတွင် မြို့နယ်အတွင်း အဖွဲ့(၂)ခွဲကာ ရန်ကုန်-မန္တလေးကားလမ်းဘေး နာရီစင်အနီးလမ်းဆုံနှင့် ဝါတိုးရပ်ကွက်ရှိ မြို့မဈေးအနီးတို့တွင် နေအိမ်ပြင်ပထွက်လာသူတိုင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး၊ နှာခေါင်းစည်းတပ်ဆင်ရန်လိုက်နာမှုမရှိသူများကို နှာခေါင်းစည်း(၂)ခုကို ငွေကျပ် (၅၀၀၀) ဒဏ်ရိုက်ခြင်းဖြင့် အရေးယူဆောင်ရွက်လျက်ကြောင်း သိရသည်။
ကျွန်တော်တို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီအနေဖြင့် နှာခေါင်းစည်းစနစ် တကျ လုံခြုံစွာတပ်ဆင်ခြင်းအား လိုက်နာရန်နေ့စဉ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင်ဌာနဆိုင်များ ပူးပေါင်းကာနိုးဆော်ကြေညာပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ဇော်ဝင်းအောင် (ရမည်းသင်း)