CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ် စိုက်ခင်းများအား ပထမအကြိမ် မျိုးကွဲ နုတ်ပယ်ခြင်း ဆောင်ရွက်

 

မောက်မယ်        စက်တင်ဘာ-၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်၌COVID-19ရောဂါကာလ အတွင်း စီးပွားရေး ကုစားမှု COVID-19 Economic Relief Plan(CERP)အစီအစဉ်ဖြင့်စိုက်ပျိုးထားသော မိုးစပါး Rs to Cs မျိုးသန့်ပွား၊ မျိုးစေ့ထုတ်စိုက်ခင်းများ တွင်ပထမအကြိမ်မျိုးကွဲနုတ်ပယ်ခြင်းအား ယမန်နေ့ နံနက် ၁၁ နာရီက စိုက်ပျိုးရေးဦးစီးဌာန  ခရိုင်ဦးစီးအရာရှိ ဦးမျိုးမင်းသန်းနှင့် ခရိုင် မြေ၊ မျိုး၊ ပိုး တာဝန်ခံများ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခြင်းအားဖြင့် အပင်သန်စွမ်းပြီး စပါးအထွက်နှုန်းတိုးသည့်အတွက် တောင်သူများ ထံ မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းကို သုံးကြိမ်ဆောင်ရွက်ရမည်ဖြစ်ရာ ဒုတိယနှင့်တတိယအကြိမ်များ ကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြို့မအုပ်စုရှိ တောင်သူ(၁၇)ဦးအားမိုးစပါး မျိုးကောင်းမျိုးသန့် ပခန်းရွှေဝါ(၂၀)ဧက၊ ရွှေဘို ပေါ်ဆန်း(၂၅)ဧက ၊ SR-456 (၁၅)ဧကနှင့်ဆင်းဧကရီ-၃ (၅)ဧက စုစုပေါင်း (၆၅)ဧကကို သက်ဆိုင်ရာပြည်နယ် ၊ ခရိုင်အဆင့်ဆင့်၏လမ်းညွှန်ချက်ဖြင့် မျိုးစပါး ၊ လုပ်အားခများ နှင့် စိုက်ပျိုး ရေးနည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြင့်မျိုးသန့်ပွား မျိုးစေ့ ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင် ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးသက်နိုင် ၏ ပြောကြားချက်အရ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)