မြောက်ဦးမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မြောက်ဦး မေ ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မေလ ၅ ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ညောင်ပင်ဈေးရပ်ကွက်ရှိ ခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်းက မြန်မာနိုင်ငံ မီးသတ်ဌာနချုပ်မှ ပေးပို့သော (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့မိန့်ခွန်းအား တက်ရောက် လာကြသော ခရိုင် / မြို့နယ် မီးသတ်စခန်းရှိှ တပ်ဖွဲ့ဝင်များနှင့်မိ သားစုဝင်များကို ရှင်းလင်း ဖတ်ကြားသည်။

ထို့နောက် ထူးချွန်ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မီးသတ်ကျင့်ဝတ် ဖြေဆိုရာတွင်  အကောင်းဆု၊ မီးငြိမ်းသတ်ရေး စွမ်းရည်ပြပြိုင်ပွဲတွင် အကောင်းဆုံးဆု၊ (NO-1) ယူနီဖောင်း လျင်မြန်စွာ သွက်လက်စွာ ဝတ်စားမှု အကောင်းဆုံးဆု၊ မီးငြိမ်းသတ်ရေး စွမ်းရည် စက်ကြီးပြိုင်ပွဲအကောင်းဆုံးဆု၊ မီးငြိမ်းသတ်ရေး စွမ်းရည်စက် ကလေးပြိုင်ပွဲအကောင်းဆု စသည်တို့ကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ (၇၆) နှစ်မြောက်  မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် မီးသတ်တပ်ဖွဲ့ဝင် မိသားစုများပျော်ရွှင်စေရန် ဗလာမပါ ကံစမ်းမဲနှိုက် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်၊၊

မြင့်စိုး(ပြန်/ဆက်)