ကျောက်ဖြူ မေ ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျောက်ဖြူခရိုင်၊ မီးသတ်ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံမှပေးပို့သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ သဝဏ်လွှာအား ကျောက်ဖြူခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူလင်းက ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး အကောင်းဆုံး ဝတ်စားဆင်ယင်မှု ဆုရရှိသည့် တပ်ဖွဲ့ဝင်များ နှင့် နေအိမ်လိုင်ခန်းများ သန့်ရှင်းသာယာလှပရေး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး လက်ထောက်မီးသတ်ဦးစီးမှူးမှ ဒုမီးသတ်ဦးစီးမှူး ရာထူး တိုးမြှင့်ခံရသော ဒေါ်ခင်မီသန်းအား ကျောက်ဖြူခရိုင် မီးသတ်ဦးစီးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး တို့မှ ဒုမီးသတ်ဦးစီးမှူးရာထူးအား တပ်ဆင်ပေးခဲ့သည်။ ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များအား ဗလာမပါကံစမ်းမဲဆုများ ဖောက်ပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း