စစ်တွေမြို့တွင် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

စစ်တွေ မေ ၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ယနေ့နံနက် ၇ နာရီအချိန်က (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းအား ပြောကြားပြီး၊ စစ်တွေမြို့ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသခြင်း အစီအစဉ်တွင် Leader mix(ခေါ်) အမြှပ်လုပ် ပိုက်ခေါင်းကိရိယာအား သရုပ်ပြခြင်း၊ Tripot(ခေါ်) သုံးချောင်းထောက် ကယ်ဆယ်ရေး ကိရိယာအား သရုပ်ပြသခြင်း၊ Jumping Sheet(ခေါ်) လေအိတ်မွေ့ရာ ကယ်ဆယ်ရေး ပစ္စည်းအား သရုပ်ပြသခြင်းတို့အား ပြသခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင် မိသားစုများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာသူများက မီးငြိမ်းသတ်ရေးပစ္စည်းနှင့် ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ဇူလိုင်ကြယ်(ပြန်/ဆက်)